မင်းသားလေး စာကြည့်တိုက်

မင်းသားလေး စာကြည့်တိုက်

မင်းသားလေး စာကြည့်တိုက်သည် အလုပ်လုပ်ရာ၊ ရှာဖွေဖတ်ရှုရာ၊ အပန်းဖြေရာနေရာတစ်ခုဖြစ်ပြီး ပြင်သစ်နိုင်ငံ နှင့် ယဉ်ကျေးမှု အကြောင်းအရာများကို ရှာဖွေဖတ်ရှုနိုင်ရန် မြန်မာနိုင်ငံတွင် အကောင်းဆုံးနေရာ တစ်ခုဖြစ်ပါသည်။ စာကြည့်တိုက်တွင် အမျိုးအစားစုံလင်လှသော စာအုပ်များ၊ ရုပ်ရှင် ဇာတ်ကားများ၊ စီဒီများကို ငှားရမ်းဖတ်ရှုနိုင်ပါသည်။

စုဆောင်းထားရှိသောအရာများ – စာအုပ်ပေါင်း ၈၀၀၀ ကျာ်၊ စီဒီ ၅၀၀၊ ဒီဗွီဒီ ၁၄၀၀၊ မဂ္ဂဇင်း ၁၂ မျိုး၊ ကွန်ပြူတာများနှင့် tablet များ (စာကြည့်တိုက်အတွင်း၌သာ အသုံးပြုရန်)

အသင်းဝင်လျှောက်လွှာယူရန် (လင့်ခ်)

စာကြည့်တိုက်ဖွင့်ချိန် နှင့် ဆက်သွယ်ရန်

အင်္ဂါနေ့ မှ စနေနေ့ အထိ

နံနက် ၉ နာရီ မှ မွန်းလွဲ ၁၂ နာရီ ၃၀ မိနစ်အထိ

မွန်းလွဲ ၂ နာရီ မှ ညနေ ၆နာရီအထိ

တနင်္ဂနွေ တနင်္လာ နှင့်
အများပြည်သူရုံးပိတ်ရက်အချို တွင်
စာကြည့်တိုက် ပိတ်ပါသည်။

ဆက်သွယ်ရန်
+၉၅ – ၁ – ၅၃၆ ၉၀၀ / ၅၃၇ ၁၂၂ / ၅၃၅ ၄၂၈
soemin.minmin@gmail.com

အသင်းဝင်ရန်

သက်သေခံကတ်ပြားယူဆောင်လာရန်

တစ်နှစ်စာအသင်းဝင်ကြေး –

၁၅ ၀၀၀ ကျပ် (မြန်မာနိုင်ငံသား)

၃၆ ၀၀၀ ကျပ် (နိုင်ငံခြားသား)

၅၀ ၀၀၀ ကျပ် (မိသားစု)

၅၀၀၀ ကျပ် (IFB ကျောင်းသား)

၁ ကြိမ်တွင် ငှားရမ်းနိုင်မည့် အရေအတွက်
တစ်ဦးချင်း အသင်းဝင်ကတ်ဖြင့်
စာအုပ် ၄အုပ်၊ မဂ္ဂဇင်း ၃အုပ် ၊ စီဒီ ၂ ချပ် ၊ ဒီဗွီဒီ ၄ခွေ

(အခွေ ငှားကတ်ဖြင့် ) – ငှားရမ်းကာလ တစ်ပတ်


မိသားစု အသင်းဝင်ကတ်ဖြင့်
စာအုပ် ၈အုပ်၊ မဂ္ဂဇင်း ၅အုပ် ၊ စီဒီ ၃ ချပ် ၊ ဒီဗွီဒီ ၄ခွေ
(အခွေ ငှားကတ်ဖြင့် ) – ငှားရမ်းကာလ တစ်ပတ်


သတ်မှတ်ရက် ကျာ်လွန်သွားပါက တစ်ခုချင်းစီအတွက် တစ်ရက်လျှင် ၁၀၀ကျပ် ပးဆောင်ရပါမည်။

အသင်းဝင်လျှောက်လွှာယူရန် (လင့်ခ်)

သတင်းကဏ္ဍ
၃. ၂၀၁၈တွင် ရောက်ရှိသော စာအုပ်အသစ်များ

နှစ်စဉ်နှစ်တိုင်း စာဖတ်ဝါသနာရှင်များ နှင့် ကျောင်းသားများ၏ လိုအပ်ချက်များ၊ အကြိုက်ကိုလိုက်၍ စာအုပ်များကို မှာယူစုဆောင်းလေ့ရှိပါသည်။ ယခုနှစ်တွင်လည်း လိုအပ်ချက်များကို ထပ်မံဖြည့်ဆည်းနိုင်ရန် နှင့် ပိုမိုကောင်းမွန်သော ဝန်ဆောင်မှုများပေးနိုင်ရန်အတွက် စာအုပ်စာတမ်း ၈၅ အုပ်ကို ထပ်မံ၍ မှာယူဖြည့်ဆည်းထားပါသည်။ ထိုစာအုပ်များမှာ အဓိကအားဖြင့် အခြေခံအဆင့်ရှိသော ပြင်သစ်စာအုပ်များ ၊ ခေတ်ပေါ်စာအုပ်များ ၊ စာပေဆုရ ဝတ္ထုစာအုပ်များ ၊ ကာတွန်းစာအုပ်များ ၊ အရည်အသွေးမြှင့်တင်စာအုပ်များ ၊ ကျန်းမာရေး အသိပညာပေးစာအုပ်များ နှင့် စီဒီများ ပါဝင်ပါသည်။ ထို့ပြင် လူငယ်များအတွက် J’apprends à lire, Phosphore, Astrapi, Okapi, J’aime lire, Géo Ado စသည့် မဂ္ဂဇင်းများကိုလည်း ထပ်မံဖြည့်ဆည်းထားပါသည်။