သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လွှတ်တော်ကိုယ်စားလှယ်နှင့် အင်တာဗျူး

ဇွန် ၁၃၊၂၀၂၀

ငြိမ်းသူမင်း (ရတနာပုံသတင်းစာ – အလွတ်တန်းသတင်းထောက်)


(၁) မေး။    ဆရာ့အမည်နဲ့ လက်ရှိဘယ်လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေပါသလဲ။ ပြီးတော့ ဘယ်ကော်မတီအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်နေပါသလဲ ခင်ဗျာ။

ဖြေ။   ကျွန်တော်ကတော့ ဦးစောမောင်လို့ ခေါ်ပါတယ်။ ဆာလင်းကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။

——

(၂) မေး။    ဆရာက လက်ရှိမှာလဲ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ ာအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေတယ်ဆိုတော့ ရာသီဥတုဖောက်ပြန်မှုလျော့ချနိုင်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အစိုးရအနေဲ့ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်သင့်တယ်လို့ထင်ပါသလဲ ခင်ဗျာ။

ဖြေ။    အစိုးရအနေနဲ့ ဘာလုပ်သင့်လဲဆိုတော့ လက်ရှိ သစ်တောပြုန်းတီးမှုတွေ ကာကွယ်ဖိုရယ် ထပ်မံပြီးတော့ လက်ရှိရှိနေတဲ့ သစ်တောဧရိယာတွေထဲမှာ သစ်ပင်တွေစိုက်ဖို့ ဒါ နံပါတ်တစ်အချက်၊ နံပါတ်နှစ်အချက်ကတော့ ကျွန်တော်တို့နိုင်ငံရဲ့ သယံဇာတအရင်းအမြစ်တွေကို စည်းကမ်းတကျထုတ်ဖော်ဖို့က နံပါတ်နှစ်အချက်လို့ မြင်ပါတယ်။

——

(၃) မေး။   မြန်မာနိုင်ငံမှာ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရေးမူဝါဒတွကို အကောင်အထည်ဖော်ရာမှာကြုံတွေ့နေရတဲ့ အဓိက အခက်အခဲစိန်ခေါ်မှုကဘာဖြစ်မလဲ ခင်ဗျာ။

ဖြေ။   အဓိကစိန်ခေါ်မှုကတော့ သယံဇာတထုတ်လုပ်တာ အဓိကစိန်ခေါ်မှုပါပဲ။ မြေပေါရော မြေအောက်ရောသယံဇာတ ထုတ်နေတာက ကျွန်တော်တို့ နိုင်ငံရဲ့ အဓိကစိန်ခေါ်မှုပါပဲ။ မြေပေါ်ဆိုတာက သစ်တောနဲ့ပတ်သက်တယ်။ မြေအောက်ဆိုတာက ဓါတ်သတ္တုနဲ့ ပတ်သက်တယ်။ အဲ့ဒါကတော့ စိန်ခေါ်မှုအကြီးမားဆုံး ပါပဲ။

——

(၄) မေး။    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အခန်းကဏ္ဍဟာလာမယ့် ရွေးကောက်ပွဲမှာ အဓိကအခန်းကဏ္ဍအနေနဲ့ ပါလာနိုင်လားခင်ဗျာ။

ဖြေ။   မူဝါဒရေးဆွဲတဲ့အခါမှာတော့ ပါသင့်တဲ့အချက်ပါပဲ။ ဒါက ကျွန်တော်တို့နိုင်ငံရဲ့ အဓိကအချက်ပဲ။ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းကာကွယ်ဖို့ ပြန်လည်ပြုစုထူထောင်ဖို့ဆိုတာက ပါတီရဲ့မူဝါဒမှာ ထည့်သွင်းရမယ့် ကိစ္စတစ်ခုဖြစ်ပါတယ်။

——

(၅) မေး။    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းနဲ့ ပတ်သက်ပြီးတော့ ဆရာ့အနနဲ့ ဖြည့်စွက်ပြောချင်တာမျိုးရှိတယ်ဆိုရင် ပြောပေးပါဦး ခင်ဗျာ။

ဖြေ။   ကျွန်တော် ပထမတင်ပြခဲ့သလိုပါပဲ။ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းဖို့ ပြန်လည်ပြုစုပျိုးထောင်ဖို့ကတော့ မြန်မာနိုင်ငံအနေနဲ့ အဓိကဦးစားပေးပြီးတော့ ဆောင်ရွက်မှသာလျှင် နောင်လာနောက်သားတွေအတွက် ကောင်းမွန်တဲ့အမွေအနှစ်တွေ ချန်ထားနိုင်လိမ့်မယ်လို့ သုံးသပ်ပါတယ်။