မိတ်ဆွေဟာ ပြင်သစ်ဘာသာစကားပြောနိုင်ငံများတွင် ပညာသင်ကြားရန်၊ အလုပ်လုပ်ရန် သို့မဟုတ် အခြေချနေထိုင်ရန် စီစဉ်နေပါသလား။

TCF ကို မိမိ၏ ပြင်သစ်ဘာသာစကားအဆင့်ဆိုင်ရာ အသိအမှတ်ပြုမှု ရရှိလိုသူများအတွက် အောက်ပါအတိုင်း စစ်ဆေးပါသည်။ 

ပညာရေးဆိုင်ရာ ကိစ္စရပ်များအတွက် (ကျောင်းသားများ၊ အလုပ်သင်များ၊ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားသူများ)
အသက်မွေးဝမ်းကျောင်းဆိုင်ရာများအတွက် (အလုပ်အကိုင်ရရှိရန်နှင့် ရာထူးတိုးမြှင့်ရန်)
ကိုယ်ရေးကိုယ်တာ ရည်မှန်းချက်များအတွက် (အခြေချနေထိုင်ခွင့်၊ နိုင်ငံသားဖြစ်ခွင့်နှင့် နေထိုင်ခွင့်လက်မှတ်များ လျှောက်ထားရန်)

ကိုယ်ရေးကိုယ်တာ၊ အလုပ်အကိုင် သို့မဟုတ် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များ (ဥပမာ - ပြင်သစ်နိုင်ငံ၌ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း) အတွက် ပြင်သစ်ဘာသာစကား ကျွမ်းကျင်မှု လက်မှတ်ရယူလိုသော အသက် (၁၆) နှစ်နှင့်အထက်ပုဂ္ဂိုလ်များ ဖြေဆိုရန် စံသတ်မှတ်ထားသော စာမေးပွဲဖြစ်သည်။ ဖြေဆိုသူများသည် မိမိတို့ အစစ်ဆေးခံလိုသော ကျွမ်းကျင်မှုကဏ္ဍများ (နားထောင်ခြင်း၊ ဖတ်ရှုခြင်း၊ ဘာသာစကားတည်ဆောက်ပုံ၊ ရေးသားခြင်း၊ ပြောဆိုခြင်း) အစရှိသည်တို့ကို စိတ်ကြိုက် ရွေးချယ်ဖြေဆိုနိုင်ပါသည်။

တရားဝင် TCF အောင်လက်မှတ်သည် ရလဒ်ထွက်ပေါ်သည့် နေ့မှစ၍ ၂ နှစ်အထိ အကျုံးဝင်ပါသည်။ သက်တမ်းကုန်ဆုံးမည့်ရက်ကို အောင်လက်မှတ်ပေါ်တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။

TCF စာမေးပွဲများကို မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တရားဝင်အသိအမှတ်ပြု စာစစ်ဌာနဖြစ်သည့် ပြင်သစ်ယဉ်ကျေးမှုဌာန (ရန်ကုန်မြို့) တွင် တစ်နှစ်ပတ်လုံး ဖြေဆိုနိုင်ပါသည်။

မဖြစ်မနေဖြေဆိုရမည့် ဘာသာရပ်များ (နားထောင်ခြင်း၊ ဖတ်ရှုခြင်း၊ ဘာသာစကားတည်ဆောက်ပုံ) -  USD 120
ပြောဆိုခြင်း (ထပ်ဆောင်း) - USD 70
ရေးသားခြင်း (ထပ်ဆောင်း) - USD 70
ဘာသာရပ်အားလုံး - USD 200

IRCC မှတစ်ဆင့် စီးပွားရေးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ကနေဒါနိုင်ငံသားအဖြစ် လျှောက်ထားလိုသူများအတွက် ဖြစ်ပါသည်။

ဘာသာရပ်အားလုံး - USD 280
နားထောင်ခြင်း - USD 70  
ရေးသားခြင်း - USD 70  
ပြောဆိုခြင်း - USD 70  
ဖတ်ရှုခြင်း - USD 70  
ဘာသာရပ်အားလုံး - USD 250
ဘာသာရပ်အားလုံး - USD 200

သင်တန်းကြေးများကို ဒေါ်လာအပြင် ကျပ်ငွေဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ငွေလဲနှုန်းမှာ ဥရောပဗဟိုဘဏ်၏ နှုန်းထားအတိုင်း ဖြစ်ပါသည်။

အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ
(တနင်္ဂနွေ၊ တနင်္လာနှင့် အများပြည်သူ အားလပ်ရက်များတွင် ပိတ်ပါသည်။)

9:00AM to 12:30PM / 1:30PM to 5:00PM

၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ၁၁၁၁၁

ရန်ကုန်၊ မြန်မာ

(+95) 9 262 611 438