CLUB VR – မျက်မြင်ပုံရိပ်ယောင်အတွေ့အကြုံ
| | | Institut français de Birmanie |

Event Overview

ပြင်သစ်ယဉ်ကျေးမှုဌာန သင်တန်းသားများနှင့် အသင်းဝင်မိတ်ဆွေများအတွက် သတင်းကောင်း

လာမယ့် ကြာသပတေးနေ့ (၂၂ ဩဂုတ် ၂၀၁၉) ပြင်သစ်ယဉ်ကျေးမှုဌာနမှာ “le CLUB VR” လို့ အမည်ရတဲ့ အစီအစဉ်အသစ်တစ်ရပ် ပြုလုပ်တင်ဆက်သွားမှာ ဖြစ်ပါတယ်။

အစီအစဉ်ရဲ့ နာမည်အတိုင်း မျက်မြင်ပုံရိပ်ယောင်အတွေ့အကြုံတွေ အများကြီးပါရှိမှာဖြစ်ပြီး အသိပညာဗဟုသုတတွေရော၊ ရင်ခုန်ပျော်ရွှင်စရာတွေပါ ရရှိခံစားသွားရမှာပါနော်။ စိတ်ဝင်တစားလာရောက်သူများအနေနဲ့ မျက်မြင်ပုံရိပ်ယောင် နည်းပညာဟာ ပညာရေးမှာ ဘယ်လောက်တောင် အရေးအရာရောက်တယ်ဆိုတာကိုလည်း ကိုယ်တိုင်သိရှိသွားနိုင်မှာပါ။

အစီအစဉ်လေးကို နှစ်ချိန်ခွဲလုပ်သွားပါမယ်။ ပထမအချိန်ကတော့ နေ့ခင်း ၂ နာရီကနေ ၃ နာရီအထိ ဖြစ်ပြီး ဒုတိယအချိန်ကတော့ ညနေ ၄ နာရီကနေ ၅ နာရီအထိပါ။ တစ်ချိန်မှာ စိတ်ဝင်တစားလာကြမယ့် မိတ်ဆွေ ၁၀ ယောက်ကို ကြည့်ရှုခံစားနိုင်အောင် စီစဉ်ပေးသွားမှာ ဖြစ်တဲ့အတွက် အောက်က အင်တာနက်စာမျက်နှာကို ဝင်ပြီး မြန်မြန်လေးသာ စာရင်းပေးသွင်းလိုက်ကြပါ မိတ်ဆွေများ။

About

To register for this event please visit the following URL: https://www.ifbirmanie.org/clubvr →

 

When & Where

Organizer Social

Share This Event