လိင်တူ၊ လိင်ပြောင်းနှင့် ဒွိလိင်ချစ်သူများအား ရွံမုန်းမှုကို ဆန့်ကျင်သည့် နိုင်ငံတကာနေ့၊ ရန်ကုန်
| | | Institut Français de Birmanie |

Event Overview

လိင်တူ၊ လိင်ပြောင်းနှင့် ဒွိလိင်ချစ်သူများအား ရွံမုန်းမှုကို ဆန့်ကျင်သည့် နိုင်ငံတကာနေ့၊ ရန်ကုန်ဇာတ်လမ်းပြသမှုနှင့် ဆွေးနွေးပွဲ
ပြင်သစ်ယဉ်ကျေးမှုဌာန
အမှတ် ၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ရန်ကုန်မြို့
၁၅ မေ ၂၀၁၉၊ ညနေ ၆း၃၀ မှ ည ၁၀း၀၀ နာရီ

အစီအစဉ်

လိင်တူ၊ လိင်ပြောင်းနှင့် ဒွိလိင်ချစ်သူများအား ရွံမုန်းမှုကို ဆန့်ကျင်သည့် နိုင်ငံတကာနေ့ (IDAHOT) အထိမ်းအမှတ်အဖြစ် ဥရောပသမဂ္ဂကိုယ်စား မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံးနှင့် ပြင်သစ်ယဉ်ကျေးမှုဌာနက Color Rainbows နှင့် ပူးတွဲ၍ မြန်မာနိုင်ငံရှိ လိင်တူ၊ ဒွိလိင်ချစ်သူများ၊ လိင်ပြောင်းထားသူများနှင့် လိင်ခံယူမှုမသေချာသူများအား ဥပဒေဖြင့် ကာကွယ်ပေးရေးဆိုင်ရာနှင့် ဥပဒေမူဘောင်ဆိုင်ရာ အခမ်းအနားတစ်ရပ် စီစဉ်ကျင်းပသွားမည် ဖြစ်ပါသည်။

အခမ်းအနားတွင် “ကူညီပါရစေ” အမည်ရှိ မြန်မာ မှတ်တမ်းရုပ်ရှင်ကားကို အင်္ဂလိပ်ဘာသာစာတမ်းထိုးဖြင့် ပြသသွားမည် ဖြစ်ပါသည်။ ဇာတ်လမ်း ပြသမှုကို ညနေ ၆း၃၀ တွင် စတင်သွားမည်ဖြစ်ပြီး ပြသမှုပြီးနောက် ဆွေးနွေးပွဲတစ်ရပ်ကို စားသောက်ဖွယ်ရာများ တည်ခင်းဧည့်ခံမှုနှင့်အတူ ဆက်လက်ပြုလုပ်သွားမည် ဖြစ်ပါသည်။

ဇာတ်လမ်းနှင့် နောက်ဆက်တွဲဆွေးနွေးမှုအကြောင်း

မြန်မာနိုင်ငံရှိ LGBT အသိုင်းအဝိုင်းသည် ယင်းတို့၏ လိင်ပိုင်းဆိုင်ရာ ခံယူမှုနှင့် ပြောဆိုနေထိုင်မှုများကြောင့် ဆယ်စုနှစ်ပေါင်းများစွာ ကြာအောင် ကိုယ်ထိလက်ရောက် ကျူးလွန်ခံရမှုများ၊ ကြမ်းတမ်းစွာ ပြောဆိုခံရမှုများ၊ ခွဲခြားဆက်ဆံခံရခြင်းများနှင့် ဂုဏ်သိက္ခာညှိုးနွမ်းအောင် စော်ကားခံရမှုများ ကြုံတွေ့နေရပါသည်။ အခြေအနေကောင်းများ တိုးတက်ဖြစ်ပေါ်မှု ရှိနေသော်လည်း တစ်ဖက်တွင် လိင်တူချစ်တူများအား ဥပဒေအရ ကာကွယ်မှုများ မပေးနိုင်သေးဘဲ ပြစ်မှုဆိုင်ရာဥပဒေအရ အပြစ်ပေးနိုင်သည့် အနေအထားတစ်ရပ်လည်း ရှိနေပါသေးသည်။ ဇာတ်လမ်းတွင် ရန်ကုန်၊ မန္တလေးနှင့် မြစ်ကြီးနားမှ နစ်နာသူများ ကြုံတွေ့ခံစားခဲ့ရသည့် ဖိနှိပ်ခံရမှုအကြောင်းများ၊ ယင်းကိစ္စများနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့အကြီးအကဲများ၏ တုန့်ပြန်မှုများ၊ ရဲတပ်ဖွဲ့၏ ဆောင်ရွက်မှုများအပေါ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အဖွဲ့ဝင် နိုင်ငံရေးသမားများ၏ အမြင်များကို တင်ပြထားပါသည်။

ပြသမှုအပြီး၌ ကြုံတွေ့နေရသည့် စိန်ခေါ်မှုများ၊ ဥပဒေကြောင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လိုအပ်နေမှုများကို ဆွေးနွေးသွားမည် ဖြစ်ပါသည်။ ယင်းဆွေးနွေးပွဲသည် မြန်မာနိုင်ငံရှိ LGBT အသိုင်းအဝိုင်းအား ပိုမိုကောင်းမွန်သော ကာကွယ်မှုများ မည်သို့ ပေးနိုင်မည်နည်းနှင့် လိင်တူချစ်သူများအပေါ် ခွဲခြားဆက်ဆံမှုများအား မည်သို့ လုပ်ဆောင်သင့်သည်ကို အလေးထားဆွေးနွေးသွားမည် ဖြစ်ပါသည်။

ပါဝင်ဆွေးနွေးသွားမည့် ပုဂ္ဂိုလ်များမှာ ပြည်ထောင်စုဥပဒေဆိုင်ရာအထောက်အကူပြုရေးအဖွဲ့ဝင်နှင့် LGBT အခွင့်အရေးကွန်ယက်၏ ဥပဒေအကြံပေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဦးကျော်ဟို၊ မြန်မာနိုင်ငံဆိုင်ရာ ဖက်ဒရယ်ဂျာမနီသမ္မတနိုင်ငံသံရုံး၏ ပထမအကြံပေး Maik Fischer နှင့် မြန်မာနိုင်ငံဆိုင်ရာ နိုင်ငံတကာ ဥပဒေပညာရှင်ကော်မရှင်အဖွဲ့ဝင်တစ်ဦးဖြစ်သူ အကြီးတန်း ဥပဒေအကြံပေး မဇာလီအေးတို့ ပါဝင်သွားမည် ဖြစ်ပါသည်။ ဆွေးနွေးပွဲကို ဥပဒေအကျိုးဆောင်နှင့် Colors Rainbow ၏ တရားဥပဒေဆိုင်ရာ ညှိနှိုင်းဆောင်ရွက်သူတစ်ဦးဖြစ်သည့် မနန်းဆုက ကမကထပြု ဆောင်ရွက်သွားမည် ဖြစ်ပါသည်။

About

To register for this event please visit the following URL: http:// →

 

When & Where

Organizer Social

Share This Event