DELF (Diplôme d'Études en Langue Française) နှင့် DALF (Diplôme Approfondi de Langue Française) တို့သည် ပြင်သစ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် မပြောဆိုသူများ၏ ကျွမ်းကျင်မှုအဆင့်အတန်းကို အသိအမှတ်ပြုရန်အတွက် ပြင်သစ်ပညာရေးဝန်ကြီးဌာနမှ ချီးမြှင့်သော တရားဝင် ဘာသာစကား ကျွမ်းကျင်မှု နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာများ ဖြစ်ပါသည်။

မိတ်ဆွေသိပြီးပြီလား။

DELF-DALF ဒီပလိုမာများသည် သက်တမ်းကန့်သတ်ချက်မရှိ (တစ်သက်စာ) အကျုံးဝင်ပြီး ၎င်းတို့ကို တစ်ကမ္ဘာလုံးက အသိအမှတ်ပြုပါသည်။
ပြင်သစ်နိုင်ငံတွင် ဘွဲ့ကြိုတန်း စတင်တက်ရောက်ရန်အတွက် DELF-B2 ဒီပလိုမာ လိုအပ်ပါသည်။

စာမေးပွဲ ကာလများ

DELF-DALF စာမေးပွဲများကို မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တရားဝင်အသိအမှတ်ပြု စာစစ်ဌာနဖြစ်သည့် ပြင်သစ်ယဉ်ကျေးမှုဌာန (ရန်ကုန်မြို့) တွင် ဖြေဆိုနိုင်ပါသည်။ တစ်နှစ်လျှင် နှစ်ကြိမ် (မေလနှင့် နိုဝင်ဘာလ) စီစဉ်စစ်ဆေးပေးပါသည်။

ပြင်သစ်ယဉ်ကျေးမှုဌာန ကျောင်းသူကျောင်းသားများအတွက် အထူးအခွင့်အရေးများ

စာမေးပွဲနှုန်းထား၏ (၆၀) ရာခိုင်နှုန်းကျော်အထိ သက်သာခွင့်များ ရရှိပါသည်။
နှစ်စဉ်နှစ်တိုင်း ထူးချွန်စွာ အောင်မြင်သော ပြင်သစ်ယဉ်ကျေးမှုဌာန ကျောင်းသူကျောင်းသားများသည် ပြင်သစ်နိုင်ငံတွင် ပြင်သစ်ဘာသာစကားနှင့် ယဉ်ကျေးမှုများ တစ်လကြာ အခမဲ့ သွားရောက်လေ့လာခွင့် ရရှိလျက် ရှိပါသည်။

DELF-DALF စာမေးပွဲများ ဖြေဆိုရန် ဆုံးဖြတ်ထားပြီး ဖြစ်လျှင် စာရင်းပေးသွင်းနိုင်ပြီ ဖြစ်ပါသည်။

ဖြေဆိုရန် စာရင်းသွင်းနိုင်မည့် ကာလ

၂၀၂၆ မတ်လ (၃) ရက်မှ မေလ (၉) ရက်အထိ

၂၀၂၆ မေ (၂၄)၊ တနင်္ဂနွေ

၂၀၂၆ မေ (၂၂)၊ သောကြာ

၂၀၂၆ မေ (၂၃)၊ စနေ

၂၀၂၆ မေ (၂၅)၊ တနင်္လာ

၂၀၂၆ မေ (၂၆)၊ အင်္ဂါ

  • ရေးဖြေ | 8:00AM - 9:30AM
  • ရေးဖြေ | 8:00AM to 9:40AM
  • ရေးဖြေ | 8:00AM to 9:45AM
  • နှုတ်ဖြေ | 11:00AM မှစ၍
  • ရေးဖြေ | 8:00AM to 12:00PM
  • နှုတ်ဖြေ | 10:00AM မှစ၍
  • နှုတ်ဖြေ | 10:30AM မှစ၍
  • နှုတ်ဖြေ | 10:30AM မှစ၍
  • နှုတ်ဖြေ | 12:30PM မှစ၍

A1 & A2

50 USD

140 USD

B1 & B2

60 USD

150 USD

C1 & C2

70 USD

160 USD

သင်တန်းကြေးများကို ဒေါ်လာအပြင် ကျပ်ငွေဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ငွေလဲနှုန်းမှာ ဥရောပဗဟိုဘဏ်၏ နှုန်းထားအတိုင်း ဖြစ်ပါသည်။

အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ
(တနင်္ဂနွေ၊ တနင်္လာနှင့် အများပြည်သူ အားလပ်ရက်များတွင် ပိတ်ပါသည်။)

9:00AM to 12:30PM / 1:30PM to 5:00PM

၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ၁၁၁၁၁

ရန်ကုန်၊ မြန်မာ

(+95) 9 262 611 438