Agenda
တစ်လလျှင် နှစ်ကြိမ်၊ စနေနေ့များ၌ ပြင်သစ်ယဉ်ကျေးမှုဌာန မီဒီယာစာကြည့်တိုက်သည် အသက် (၆) နှစ်မှ (၁၃) နှစ်အရွယ် ကလေးငယ်များအတွက် တီထွင်ဖန်တီးမှုဆိုင်ရာ၊ ပညာရေးဆိုင်ရာ၊ လက်မှုအနုပညာဆိုင်ရာ လူငယ်စကားဝိုင်းအစီအစဉ်များကို အခမဲ့ ပြုလုပ်တင်ဆက်လျက် ရှိပါသည်။
ပါရီမြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန (ဌာနချုပ်) က ၂၀၁၆ ခုနှစ်တွင် စတင်မိတ်ဆက်ခဲ့သော အတွေးအမြင် ဖလှယ်ညှိနှိုင်း စကားဝိုင်း အစီအစဉ်သည် အသိပညာနှင့် ယဉ်ကျေးမှုဆိုင်ရာ အပြန်အလှန် အတွေးအမြင် ဖလှယ်ခြင်းအတွက် နှစ်စဉ် ကျင်းပမြဲဖြစ်သော ကမ္ဘာလုံးဆိုင်ရာ အစီအစဉ်တစ်ခုဖြစ်ပါသည်။ ပြင်သစ်နိုင်ငံတွင် စတင်ခဲ့ရာမှ ယခုအခါ နိုင်ငံပေါင်း (၁၀၄) နိုင်ငံရှိ မြို့ပေါင်း (၁၉၀) တွင် ကျင်းပနေသည့် အစီအစဉ် တစ်ခု ဖြစ်လာခဲ့ပါသည်။ မြန်မာနိုင်ငံ၌ ရန်ကုန်မြို့ရှိ ပြင်သစ်ယဉ်ကျေးမှုဌာန (IFB) သည် ဤအစီအစဉ်ကို ၂၀၂၂ ခုနှစ်အထိ နှစ်စဉ် ပြုလုပ်ကျင်းပခဲ့ပြီး နှစ်နှစ်ကြာ ရပ်နားခဲ့ပြီးနောက်၊ တွေ့ဆုံဆွေးနွေးမှုနှင့် အပြန်အလှန်နားလည်မှုတို့ကို မြှင့်တင်အားပေးရန် ရည်သန်၍ ၂၀၂၅ ခုနှစ်တွင် အသွင်သစ်ဖြင့် ပြန်လည် တင်ဆက်ခဲ့ပါသည်။
လေးနက်တဲ့ အတွေးအခေါ်တွေ၊ စိတ်ဝင်စားစရာ ဇာတ်လမ်းတွေ ပါတဲ့ Webtoon လာပါပြီ။
Night of Ideas 2026 [ Opening the Way for Youth and Sustainability ] ဆွေးနွေးပွဲထဲက စိတ်ဝင်စားစရာ အကောင်းဆုံး အနှစ်သာရတွေကို စုစည်းပြီး လူငယ်တွေကြား ရေပန်းစားပြီးသားဖြစ်တဲ့ Webtoon ပုံစံနဲ့ ရင်ထဲရောက်စေမဲ့ ဇာတ်လမ်းတွေ ဖန်တီးပုံဖော်ထားပါတယ်။
Night of Ideas 2026 ရဲ့ အရေးကြီးဆုံး အတွေးအခေါ်တွေကို မျှဝေပေးထားတဲ့ [ လမ်းသစ် - Opening the Way ] Webtoon ဇာတ်လမ်းတွဲကို မြည်းစမ်းကြည့်ဖို့ အောက်ပါ လင့်ခ်ကို နှိပ်လိုက်ရုံပါပဲ။ 👇
