What is ?
INSTITUT FRANÇAIS

ကျွန်ုပ်တို့အကြောင်း

မြန်မာနိုင်ငံတွင် (၁၉၆၁) ခုနှစ်ကတည်းက စတင်တည်ထောင်ခဲ့သည့် ပြင်သစ်ယဉ်ကျေးမှုဌာန (Institut français de Birmanie – IFB၊ ယခင် Alliance française) သည် ကမ္ဘာတစ်ဝှမ်းရှိ ပြင်သစ်ယဉ်ကျေးမှုဌာနပေါင်း (၉၆) ခုနှင့် Alliance française ပေါင်း (၈၀၀) ကျော်ဖြင့် ဖွဲ့စည်းထားသော ပြင်သစ်ယဉ်ကျေးမှုဆိုင်ရာကွန်ယက်ကြီး၏ အဖွဲ့ဝင်ဌာနတစ်ခု ဖြစ်ပါသည်။

ပြင်သစ်ယဉ်ကျေးမှုဌာနသည် မြန်မာနိုင်ငံဆိုင်ရာ ပြင်သစ်သံရုံး၏ ယဉ်ကျေးမှုဌာနကြီးနှင့် ပူးပေါင်းဆောင်ရွက်ရေးဌာနကြီးနှစ်ခုကို ပူးပေါင်းဖွင့်လှစ်ထားသော သံတမန်ပရဝုဏ်တစ်ခုလည်း ဖြစ်ပါသည်။ ပြင်သစ်ယဉ်ကျေးမှုဌာနသည် မြန်မာနိုင်ငံနှင့် ပြင်သစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ စီမံကိန်းများနှင့် ယဉ်ကျေးမှုဆိုင်ရာ အစီအစဉ်များကို ဦးစီးဆောင်ရွက်နေပါသည်။ ဌာနအနေဖြင့် လွတ်လွပ်စွာ ထုတ်ဖော်ပြောဆိုခွင့်နှင့် မတူကွဲပြားသော ယဉ်ကျေးမှုများအတွက် မားမားမတ်မတ် ရပ်တည်နေရင်း ပြင်သစ်ဘာသာစကားနှင့် ယဉ်ကျေးမှုတို့ ဖွံ့ဖြိုးဝေစည်ရေးအတွက် ကြိုးပမ်းမြှင့်တင်နေပါသည်။

ပြင်သစ်ယဉ်ကျေးမှုဌာန၏ အစီအစဉ်များကို အောက်ပါအကြောင်းအရာ သုံးရပ်နှင့်အညီ ဦးစားပေး စီစဉ်နေပါသည်။

  • ပြင်သစ်ဘာသာစကားကို မျှဝေခြင်းနှင့် သင်ကြားခြင်း (သင်ကြားရေးအစီအစဉ်များ၊ တရားဝင် ကျွမ်းကျင်မှုဆိုင်ရာ အောင်လက်မှတ်များ ဖြေဆိုနိုင်ရန် စီစဉ်ပေးခြင်း၊ ပြင်သစ်ဘာသာစကားကို ကျွမ်းကျင်စွာ သင်ကြားပေးနိုင်မည့် မြန်မာဆရာဆရာမများ လေ့ကျင့်ပေးခြင်း)
  • အနုပညာနှင့် ယဉ်ကျေးမှုဖလှယ်ခြင်းများ ဖွံ့ဖြိုးတိုးတက်စေခြင်း၊ ခေတ်ပြိုင်အနုပညာဖန်တီးမှုများကို ပံ့ပိုးပေးခြင်း
  • မြန်မာနှင့် ပြင်သစ် တက္ကသိုလ်များအကြား ပူးပေါင်းဆောင်ရွက်မှုများအတွက် အားပေးပံ့ပိုးပေးခြင်း၊ ပြင်သစ်နိုင်ငံ၏ အဆင့်မြင့်ပညာရေးကို လက်လှမ်းမီစေရန် မျှဝေပေးခြင်း

တို့ကို မိတ်ဆွေများအတွက် ကြိုးပမ်းဆောင်ရွက်နေပါသည်။

ကျွန်ုပ်တို့ အဖွဲ့သားများ

စီမံရေးရာ

ယဉ်ကျေးမှုနှင့် ပြန်ကြားဆက်ဆွယ်ရေး

သင်ကြားရေးနှင့် စာကြည့်တိုက်