Interview with a Hluttaw Representative on Environmental Conservation

သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး လွှတ်တော်ကိုယ်စားလှယ်နှင့် အင်တာဗျူး ဇွန် ၁၃၊၂၀၂၀ ငြိမ်းသူမင်း (ရတနာပုံသတင်းစာ – အလွတ်တန်းသတင်းထောက်) (၁) မေး။    ဆရာ့အမည်နဲ့ လက်ရှိဘယ်လွှတ်တော်မှာ တာဝန်ထမ်းဆောင်နေပါသလဲ။ ပြီးတော့ ဘယ်ကော်မတီအဖွဲ့အစည်းတွေမှာ ပါဝင်ဆောင်ရွက်နေပါသလဲ ခင်ဗျာ။ ဖြေ။   ကျွန်တော်ကတော့ ဦးစောမောင်လို့ ခေါ်ပါတယ်။ ဆာလင်းကြီးမြို့နယ် မဲဆန္ဒနယ် အမှတ်(၂) စစ်ကိုင်းတိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်အဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ လွှတ်တော်မှာ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ စိုက်ပျိုးရေး၊ မွေးမြူရေး၊ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှာ အတွင်းရေးမှူးအဖြစ် တာဝန်ထမ်းဆောင်နေပါတယ်။ —— (၂) မေး။    ဆရာက လက်ရှိမှာလဲ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာကော်မတီမှ ာအတွင်းရေးမှူးအဖြစ် ဆောင်ရွက်နေတယ်ဆိုတော့ ရာသီဥတုဖောက်ပြန်မှုလျော့ချနိုင်ဖို့အတွက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွေမှာ အစိုးရအနေဲ့ ဘယ်လိုလုပ်ငန်းတွေ ဆောင်ရွက်သင့်တယ်လို့ထင်ပါသလဲ ခင်ဗျာ။ ဖြေ။    အစိုးရအနေနဲ့ ဘာလုပ်သင့်လဲဆိုတော့ လက်ရှိ သစ်တောပြုန်းတီးမှုတွေ ကာကွယ်ဖိုရယ် ထပ်မံပြီးတော့ […]