အသက်အရွယ်မရွေး (လူကြီး၊ လူငယ်လူရွယ်၊ ကလေးများအပါ) အတွက် ဘာသာစကား ကျွမ်းကျင်မှုအဆင့်အသီးသီး၌ တစ်ဦးချင်း သီးသန့်သင်ကြားမှု သို့မဟုတ် လူနည်းစု သီးသန့်သင်ကြားမှုပုံစံများကို ပြင်သစ်ယဉ်ကျေးမှုဌာန၏ အရည်အချင်းပြည့်ဝသော ဆရာ၊ ဆရာမများက သင်ယူလိုသူများ၏ လိုအပ်ချက်များနှင့်အညီ ညှိနှိုင်း ဖွင့်လှစ်ပေးနေပါသည်။

ဘာကြောင့် ပြင်သစ်ယဉ်ကျေးမှုဌာနကို ရွေးချယ်သင့်သလဲ
မိမိ လိုအပ်ချက်နှင့်အညီ သင်ခန်းစာများကို စိတ်ကြိုက်ညှိနှိုင်း သင်ယူနိုင်ခြင်း
တစ်ဦးတည်း ဖြစ်စေ၊ အနည်းစုံး ၂ ဦးမှ ၃ ဦးအထိ ဖြစ်စေ၊ မိမိစိတ်တိုင်းကျ သင်ယူနိုင်ခြင်း
မိမိ အားလပ်သည့် အချိန်ပေါ်မူတည်၍ သင်တန်းချိန်များကို ရွေးချယ်နိုင်ခြင်း
သင်ခန်းစာများကို ပြင်သစ်ယဉ်ကျေးမှုဌာနတွင်သော်လည်းကောင်း၊ မိမိနေအိမ် (သို့မဟုတ်) ရုံးခန်းများတွင်လည်းကောင်း သင်ယူနိုင်ခြင်း
ယဉ်ကျေးမှုဆိုင်ရာ စီးမျောသက်ဝင်မှု - ဘာသာစကားသင်ကြားမှုနှင့်အတူ ယဉ်ကျေးမှုဆိုင်ရာ အထိအတွေ့များကိုပါ ရရှိနိုင်မည့်အပြင်၊ ပြင်သစ်ယဉ်ကျေးမှုဌာနစာကြည့်တိုက်၊ ယဉ်ကျေးမှုဆိုင်ရာ ပွဲအစီအစဉ်နှင့် အခြားအခွင့်အရေးများစွာကို အခမဲ့ ရယူနိုင်ခြင်း

အခြေခံအဆင့် မဟုတ်သူများအတွက် အရည်အချင်းစစ် စာမေးပွဲ ဖြေဆိုရန် လိုအပ်ပါသည်။ မိမိ၏ လက်ရှိအရည်အချင်း၊ စိတ်ပါဝင်စားမှု၊ ရည်မှန်းချက်များနှင့် နောင်အနာဂတ်အစီအစဉ်များအပေါ် မူတည်၍ သင်ကြားရေးအစီအစဉ်ကို ရေးဆွဲပေးသွားမည် ဖြစ်ပါသည်။

အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ
(တနင်္ဂနွေ၊ တနင်္လာနှင့် အများပြည်သူ အားလပ်ရက်များတွင် ပိတ်ပါသည်။)

9:00AM to 12:30PM / 1:30PM to 5:00PM

၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ၁၁၁၁၁

ရန်ကုန်၊ မြန်မာ

(+95) 9 262 611 438