ပြင်သစ်ယဉ်ကျေးမှုဌာန
(၁၉၆၁) ခုနှစ်၌ ရန်ကုန်မြို့တွင် စတင် တည်ထောင်ခဲ့သည့် ပြင်သစ်ယဉ်ကျေးမှုဌာနသည် ပြင်သစ်သမ္မတနိုင်ငံ၏ ဥရောပနှင့်နိုင်ငံခြားရေးရာဝန်ကြီးဌာနနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန လက်အောက်ရှိ ဌာနတစ်ခု ဖြစ်ပါသည်။ ကမ္ဘာ့နိုင်ငံအသီးသီးရှိ ပြင်သစ်ယဉ်ကျေးမှုဌာနပေါင်း (၉၈) ဌာနနှင့် အားလိယွန့်ဖွန်ဆေး ဌာနခွဲပေါင်း (၈၃၀) ကျော်ဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံရပ်ခြား ပြင်သစ်ယဉ်ကျေးမှုကွန်ယက်၏ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါသည်။
ဌာန၏ လုပ်ငန်းတာဝန်များ