ပြင်သစ်ယဉ်ကျေးမှုဌာန မီဒီယာစာကြည့်တိုက်သည် သမရိုးကျ စာကြည့်တိုက်တစ်ခု မဟုတ်ဘဲ သင်ယူလေ့လာခြင်း၊ အသစ်သစ်သော အရာများကို ရှာဖွေခြင်း၊ ကမ္ဘာကြီးနှင့် ချိတ်ဆက်ပေးခြင်းတို့အတွက် ရှင်သန်လှုပ်ရှားနေသော ယဉ်ကျေးမှုဗဟိုချက်တစ်ခု ဖြစ်ပါသည်။

အရင်းအမြစ်ပေါင်း ၆,၀၀၀ ကျော် ။     ။ မြန်မာနှင့် ပြင်သစ်ဘာသာစကားများဖြင့် အသက်အရွယ်မရွေး ဖတ်ရှုနိုင်သော သုတရသစာပေများ။
မဂ္ဂဇင်းနှင့် ဂျာနယ်များ ။     ။ စာကြည့်တိုက်အတွင်း လာရောက်ဖတ်ရှုနိုင်ပါသည်။
ခေတ်မီဆန်းသစ်ပြီး နွေးထွေးသော ပတ်ဝန်းကျင် ။     ။ အသစ်ပြန်လည် ပြင်ဆင်မွမ်းမံထားသော စာကြည့်တိုက်နေရာ
ပြင်သစ်ဘာသာစကား (နိုင်ငံခြားဘာသာစကားအဖြစ်) လေ့လာနေသူများအတွက် သင်ထောက်ကူများ 
စာကြည့်တိုက်အဖွဲ့ဝင်များအတွက် Wi-Fi အခမဲ့အသုံးပြုခွင့်
မာလ်တီမီဒီယာအခန်း ။     ။ PS5 ဂိမ်းစက် ၂ လုံး၊ VR မျက်မြင်ပုံရိပ်ယောင်စက်များ၊ အသံစာအုပ်နှင့် ရုပ်ရှင်များအတွက် အသံနားကြပ်များ
ကိုယ်တိုင် ရယူအသုံးပြုနိုင်သော ဒစ်ဂျစ်တယ်တက်ဘလက်များ
ကလေးငယ်များနှင့်လူငယ်များအတွက် သီးသန့်နေရာများနှင့် ကစားစရာဂိမ်းများ
လေ့လာခြင်း၊ ရုံးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့ ပြုနိုင်သော နေရာများ
Culturethèque သို့ ဝင်ရောက်ကြည့်ရှုခွင့် ။     ။ သတင်းစာနှင့် မဂ္ဂဇင်း ၃၀၀ အပါအဝင် ဒစ်ဂျစ်တယ်အရင်းအမြစ်ပေါင်း ၇၀,၀၀၀ ကျော်

Micro-Folie ဒစ်ဂျစ်တယ်ပြတိုက်၌ ဥရောပထိပ်တန်းပြတိုက်များမှ ရွေးချယ်စုစည်းထားသော အနုပညာလက်ရာများကို ဒစ်ဂျစ်တယ်စနစ်ဖြင့် လေ့လာကြည့်ရှုနိုင်ပါသည်။

စာကြည့်တိုက်ဝန်ဆောင်မှုများ ရယူရန် စာကြည့်တိုက်အဖွဲ့ဝင် ဖြစ်ရုံဖြင့် လုံလောက်ပါသည်။

နှစ်စဉ် အဖွဲ့ဝင်ကြေးများ:

(၁၃) နှစ်အောက် ကလေးများ - ၁၀,၀၀၀ ကျပ်
လူကြီး - ၂၀,၀၀၀ ကျပ်

အဖွဲ့ဝင်ဖြစ်ခြင်းကြောင့် ရရှိမည့် အကျိုးကျေးဇူးများ -

စာအုပ် ၅ အုပ်အထိ (၂) ပတ်ကြာ ငှားရမ်းနိုင်ခြင်း
ဗီဒီယိုဂိမ်းများ၊ VR မျက်မြင်ပုံရိပ်ယောင်စက်များ၊ ဒစ်ဂျစ်တယ်တက်ဘလက်များ အခမဲ့အသုံးပြုနိုင်ခြင်း
လူငယ်များအတွက် ပြုလုပ်သော စကားဝိုင်းဆွေးနွေးပွဲများသို့ အခမဲ့ တက်ရောက်နိုင်ခြင်း



အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ
(တနင်္ဂနွေ၊ တနင်္လာနှင့် အများပြည်သူ အားလပ်ရက်များတွင် ပိတ်ပါသည်။)

9:00AM to 12:30PM / 1:30PM to 5:00PM

၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ၁၁၁၁၁

ရန်ကုန်၊ မြန်မာ

(+95) 9 262 611 438