အောက်ဖော်ပြပါ ဘာသာစကားများအတွက် အသိအမှတ်ပြု လက်မှတ်ပါရှိသော ဘာသာပြန်ဆိုမှု (Certified) နှင့် သာမန်ဘာသာပြန်မှု (non-certified) များကို ဘာသာပြန် ဝန်ဆောင်မှုပေးနေပါသည်။

ပြင်သစ် ⇄ မြန်မာ / အင်္ဂလိပ်
မြန်မာ ⇄ ပြင်သစ် / အင်္ဂလိပ်

ပြင်သစ်ယဉ်ကျေးမှုဌာန၏ ပြင်သစ်ဘာသာ (မှ/သို့) ပြန်ဆိုမှုများအတွက် မြန်မာနိုင်ငံဆိုင်ရာပြင်သစ်သံရုံးက တရားဝင် အသိအမှတ်ပြုထားပါသည်။ သို့ဖြစ်ရာ ဘာသာပြန်ထားသော စာရွက်စာတမ်းများကို တရားဝင်အထောက်အထားအဖြစ် အသုံးပြုရန် ခိုင်လုံမှု ရှိပါသည်။

တရားဝင်စာရွက်စာတမ်းများ - ဘွဲ့လက်မှတ်များ၊ အောင်လက်မှတ်များ၊ ကျောင်းအမှတ်စာရင်းများ
စီမံ/အုပ်ချုပ်ရေးဆိုင်ရာ စာရွက်စာတမ်းများ - မွေးစာရင်း၊ အိမ်ထောင်စုစာရင်း၊ ဆေးစစ်ချက်ရလဒ်များ
နည်းပညာနှင့် ဆေးဘက်ဆိုင်ရာ စာရွက်စာတမ်းများ
ဥပဒေကြောင်းအရ စာရွက်စာတမ်းများ - စာချုပ်စာတမ်းများ၊ မူပိုင်ခွင့်သဘောတူညီချက်များနှင့် အခြားစာရွက်စာတမ်းများ
အသိအမှတ်ပြု ဘာသာပြန်ဆိုမှုများ (ဥပဒေကြောင်း၊ တရားဝင်အထောက်အထားနှင့် စီမံ/အုပ်ချုပ်မှုဆိုင်ရာ) - တစ်မျက်နှာလျှင် ၃၇ ယူရို (အသိအမှတ်ပြုတံဆိပ်တုံးနှင့် လက်မှတ်အပါ)
(အမြန်) အသိအမှတ်ပြု ဘာသာပြန်ဆိုမှုများ (ဥပဒေကြောင်း၊ တရားဝင်အထောက်အထားနှင့် စီမံ/အုပ်ချုပ်မှုဆိုင်ရာ) -  တစ်မျက်နှာလျှင် ၇၃ ယူရို (အသိအမှတ်ပြုတံဆိပ်တုံးနှင့် လက်မှတ်အပါ)
နည်းပညာဆိုင်ရာ စာရွက်စာတမ်းများ - စာပမာဏနှင့် ခက်ခဲမှုအပေါ်မူတည်၍ နှုန်းထားများ ကွဲပြားနိုင်ပါသည်။

မှတ်ချက် - မူရင်းစာရွက်စာတမ်းကို စစ်ဆေးပြီးမှသာ နောက်ဆုံးသတ်မှတ်စျေးနှုန်းကို အကြောင်းကြားပေးမည် ဖြစ်ပါသည်။ ပုံမှန်အားဖြင့် စာရွက်စာတမ်းအရှည်ပေါ်မူတည်၍ ကြာမြင့်ချိန် တစ်ပတ်ခန့် ရှိနိုင်ပါသည်။

အောက်ပါကဏ္ဍများအတွက် တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ စကားပြန်ဝန်ဆောင်မှုများ ပေးအပ်လျက်ရှိပါသည်

အခမ်းအနားများနှင့် ညီလာခံများ
အစည်းအဝေးများနှင့် စကားဝိုင်းများ
ဖွံ့ဖြိုးရေး၊ ခရီးသွားလာရေးနှင့် ကုန်သွယ်ရေးဆိုင်ရာ အထူးပြုကဏ္ဍများ

လုပ်ငန်း ခက်ခဲမှု၊ ကြာမြင့်ချိန်နှင့် အချိန်ကာလပေါ်မူတည်၍ ဝန်ဆောင်ခများ ကွဲပြားနိုင်ပါသည်။ စျေးနှုန်း အခမဲ့ မေးမြန်းလိုပါက အီးမေးလ်မှတစ်ဆင့်ဖြစ်စေ၊ ဧည့်ကြိုကောင်တာတွင်ဖြစ်စေ စုံစမ်းမေးမြန်းနိုင်ပါသည်။