
မိတ်ဆွေဟာ ပြင်သစ်ဘာသာစကားပြောနိုင်ငံများတွင် ပညာသင်ကြားရန်၊ အလုပ်လုပ်ရန် သို့မဟုတ် အခြေချနေထိုင်ရန် စီစဉ်နေပါသလား။
TCF ကို မိမိ၏ ပြင်သစ်ဘာသာစကားအဆင့်ဆိုင်ရာ အသိအမှတ်ပြုမှု ရရှိလိုသူများအတွက် အောက်ပါအတိုင်း စစ်ဆေးပါသည်။
ကိုယ်ရေးကိုယ်တာ၊ အလုပ်အကိုင် သို့မဟုတ် ပညာရေးဆိုင်ရာ ရည်ရွယ်ချက်များ (ဥပမာ - ပြင်သစ်နိုင်ငံ၌ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားခြင်း) အတွက် ပြင်သစ်ဘာသာစကား ကျွမ်းကျင်မှု လက်မှတ်ရယူလိုသော အသက် (၁၆) နှစ်နှင့်အထက်ပုဂ္ဂိုလ်များ ဖြေဆိုရန် စံသတ်မှတ်ထားသော စာမေးပွဲဖြစ်သည်။ ဖြေဆိုသူများသည် မိမိတို့ အစစ်ဆေးခံလိုသော ကျွမ်းကျင်မှုကဏ္ဍများ (နားထောင်ခြင်း၊ ဖတ်ရှုခြင်း၊ ဘာသာစကားတည်ဆောက်ပုံ၊ ရေးသားခြင်း၊ ပြောဆိုခြင်း) အစရှိသည်တို့ကို စိတ်ကြိုက် ရွေးချယ်ဖြေဆိုနိုင်ပါသည်။
ကနေဒါနိုင်ငံသို့ စီးပွားရေးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေးဖြင့် အခြေချရန် သို့မဟုတ် ကနေဒါနိုင်ငံသားအဖြစ် လျှောက်ထားရာတွင် အထောက်အထားအဖြစ် အသုံးပြုရန်အတွက် သီးသန့်ရည်ရွယ်ထားသော စာမေးပွဲ ဖြစ်ပါသည်။ ဤစာမေးပွဲတွင် ကျွမ်းကျင်မှုကဏ္ဍ (၄) ရပ်လုံး (နားထောင်ခြင်း၊ ဖတ်ရှုခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်း) ကို မဖြစ်မနေ ဖြေဆိုရမည် ဖြစ်ပါသည်။ ၎င်းကို ကနေဒါ လူဝင်မှုကြီးကြပ်ရေး၊ ဒုက္ခသည်များနှင့် နိုင်ငံသားဖြစ်မှုဆိုင်ရာဌာန (IRCC) က အသိအမှတ်ပြုပါသည်။
ကနေဒါနိုင်ငံ၊ ကွီဘက် (Québec) ပြည်နယ်တွင် အမြဲတမ်းနေထိုင်ခွင့် လျှောက်ထားသူများအတွက် လိုအပ်သော စာမေးပွဲ ဖြစ်သည်။ အမှတ်ပေးစနစ်တွင် နှုတ်မှုစွမ်းရည်ကို ပိုမိုဦးစားပေးသောကြောင့် ဖြေဆိုသူများအနေဖြင့် ကျွမ်းကျင်မှုကဏ္ဍ (၄) ရပ်လုံး (နားထောင်ခြင်း၊ ဖတ်ရှုခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်း) ဖြေဆိုရန် အထူးအကြံပြုထားပါသည်။
ပြင်သစ်နိုင်ငံတွင် တရားဝင်အခြေချနေထိုင်ခွင့်ပုံစံတစ်ရပ်ရပ်ကို လျှောက်ထားလိုသော နိုင်ငံခြားသားများအတွက် သီးသန့်စစ်ဆေးမှု ဖြစ်ပါသည်။ ပြင်သစ်နိုင်ငံသားဖြစ်မှု (B2 အဆင့်)၊ ရေရှည်နေထိုင်ခွင့်ကတ် (B1 အဆင့်) သို့မဟုတ် OFII နိုင်ငံသားဖြစ်မှုသင်တန်းအတွက် A1 အဆင့် အတည်ပြုချက် ရယူခြင်း အစရှိသည်တို့ကို လျှောက်ထားဆောင်ရွက်လိုသူများ ဖြေဆိုရမည် ဖြစ်ပါသည်။ ဤစာမေးပွဲ၌ ကျွမ်းကျင်မှုကဏ္ဍ (၄) ရပ်လုံး (နားထောင်ခြင်း၊ ဖတ်ရှုခြင်း၊ ရေးသားခြင်း၊ ပြောဆိုခြင်း) ကို စစ်ဆေးမည် ဖြစ်ပါသည်။
တရားဝင် TCF အောင်လက်မှတ်သည် ရလဒ်ထွက်ပေါ်သည့် နေ့မှစ၍ ၂ နှစ်အထိ အကျုံးဝင်ပါသည်။ သက်တမ်းကုန်ဆုံးမည့်ရက်ကို အောင်လက်မှတ်ပေါ်တွင် ရှင်းလင်းစွာ ဖော်ပြထားပါသည်။
TCF စာမေးပွဲများကို မြန်မာနိုင်ငံရှိ တစ်ခုတည်းသော တရားဝင်အသိအမှတ်ပြု စာစစ်ဌာနဖြစ်သည့် ပြင်သစ်ယဉ်ကျေးမှုဌာန (ရန်ကုန်မြို့) တွင် တစ်နှစ်ပတ်လုံး ဖြေဆိုနိုင်ပါသည်။
ပြင်သစ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် ပြောဆိုသူ မဟုတ်သော အသက် (၁၆) နှစ်နှင့်အထက် ဖြေဆိုသူများအတွက် ဖြစ်ပါသည်။
IRCC မှတစ်ဆင့် စီးပွားရေးဆိုင်ရာ လူဝင်မှုကြီးကြပ်ရေး သို့မဟုတ် ကနေဒါနိုင်ငံသားအဖြစ် လျှောက်ထားလိုသူများအတွက် ဖြစ်ပါသည်။
ကနေဒါနိုင်ငံ၊ ကွီဘက် (Québec) ပြည်နယ် လူဝင်မှုကြီးကြပ်ရေးဌာန (MIFI) သို့ အခြေချနေထိုင်ခွင့် လျှောက်ထားမည့်သူများအတွက် ဖြစ်ပါသည်။
ပြင်သစ်နိုင်ငံသားအဖြစ် လျှောက်ထားခြင်း၊ ရေရှည်နေထိုင်ခွင့် သို့မဟုတ် OFII မှတစ်ဆင့် A1 အဆင့် အတည်ပြုချက် ရယူလိုသော အသက် (၁၆) နှစ်နှင့်အထက် နိုင်ငံခြားသားများအတွက် ဖြစ်ပါသည်။
သင်တန်းကြေးများကို ဒေါ်လာအပြင် ကျပ်ငွေဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ငွေလဲနှုန်းမှာ ဥရောပဗဟိုဘဏ်၏ နှုန်းထားအတိုင်း ဖြစ်ပါသည်။

အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ
(တနင်္ဂနွေ၊ တနင်္လာနှင့် အများပြည်သူ အားလပ်ရက်များတွင် ပိတ်ပါသည်။)
9:00AM to 12:30PM / 1:30PM to 5:00PM
၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ၁၁၁၁၁
ရန်ကုန်၊ မြန်မာ
(+95) 9 262 611 438


