DELF / DALF
DELF (Diplôme d'Études en Langue Française) နှင့် DALF (Diplôme Approfondi de Langue Française) တို့သည် ပြင်သစ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် မပြောဆိုသူများ၏ ကျွမ်းကျင်မှုအဆင့်အတန်းကို အသိအမှတ်ပြုရန်အတွက် ပြင်သစ်ပညာရေးဝန်ကြီးဌာနမှ ချီးမြှင့်သော တရားဝင် ဘာသာစကား ကျွမ်းကျင်မှု နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာများ ဖြစ်ပါသည်။
မူလတန်းကလေးငယ်များ (အသက် ၆ နှစ်မှ ၁၃ နှစ်) အတွက် ရည်ရွယ်စစ်ဆေးသည့် တရားဝင် ဒီပလိုမာစာမေးပွဲ ဖြစ်ပါသည်။ ကလေးများ၏ အသက်အရွယ်နှင့် ကိုက်ညီသော ခေါင်းစဉ်များဖြင့် စစ်ဆေးခြင်းဖြစ်ပြီး၊ နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာတစ်ခုကို ကလေးများ ယုံကြည်မှုရှိရှိ စတင် ရယူနိုင်ရန် ပြင်သစ် ပညာရေးဝန်ကြီးဌာနက စီစဉ်ပေးထားခြင်း ဖြစ်ပါသည်။
အလယ်တန်းနှင့် အထက်တန်းအရွယ် ကျောင်းသူကျောင်းသားများ (အသက် ၁၃ နှစ်မှ ၁၆ နှစ်) အတွက် ရည်ရွယ်ပါသည်။ နိုင်ငံတကာအဆင့်မီ DELF လက်မှတ်နှင့် တရားဝင်မှုချင်း တူညီသော်လည်း၊ ဆယ်ကျော်သက်များ၏ စိတ်ဝင်စားမှုနှင့် ပညာရေးနှင့် သက်ဆိုင်သော အကြောင်းအရာများကို ရွေးချယ်စစ်ဆေးခြင်း ဖြစ်ပါသည်။ နောင်တစ်ချိန်တွင် နိုင်ငံခြား၌ ပညာသင်ကြားရန် သို့မဟုတ် လေ့လာရေးဖလှယ်ရေး အစီအစဉ်များတွင် ပါဝင်ရန်အတွက် အလွန်တန်ဖိုးရှိသော နိုင်ငံတကာ အသိအမှတ်ပြု ဒီပလိုမာ ဖြစ်ပါသည်။
လူကြီးများနှင့် လူငယ်များ (အသက် ၁၇ နှစ်နှင့်အထက်) အတွက် အခြေခံမှ အလယ်အလတ်အဆင့်အထိ ပြင်သစ်ဘာသာ ကျွမ်းကျင်မှုများကို စစ်ဆေး အသိအမှတ်ပြုပေးသော နိုင်ငံတကာ အသိအမှတ်ပြု စံနှုန်းမီ ဒီပလိုမာ ဖြစ်ပါသည်။ တက္ကသိုလ်ဝင်ခွင့် လျှောက်ထားရန်၊ လုပ်ငန်းခွင်ဆိုင်ရာ ဘာသာစကားကျွမ်းကျင်မှု ပြသရန် သို့မဟုတ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြင်သစ်နိုင်ငံသား ဖြစ်ခွင့် လျှောက်ထားရန် အစရှိသည့် ကိစ္စရပ်များအတွက် ကမ္ဘာတဝှန်း ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပါသည်။
Diplôme Approfondi de Langue Française သည် ပြင်သစ်ဘာသာစကားဆိုင်ရာ အမြင့်ဆုံး ကျွမ်းကျင်မှုအဆင့် (C1 နှင့် C2) အတွက် ဖြစ်ပါသည်။ DALF လက်မှတ်ရှိခြင်းသည် ဘာသာစကားကို ကျွမ်းကျင်ပိုင်နိုင်စွာ အသုံးပြုနိုင်သူ ဖြစ်ကြောင်း၊ ပညာရေးနှင့် လုပ်ငန်းခွင်များတွင် ပြင်သစ်ဘာသာစကားကို မိခင်ဘာသာစကားအဖြစ် အသုံးပြုနိုင်သူဖြစ်ကြောင်း အကောင်းဆုံး သက်သေပင် ဖြစ်ပါသည်။ ပြင်သစ်တက္ကသိုလ်များ တက်ရောက်ရာတွင်လည်း ဘာသာစကား ဝင်ခွင့်စာမေးပွဲများ ဖြေဆိုရန် မလိုဘဲ ကင်းလွတ်ခွင့် ရရှိမည် ဖြစ်ပါသည်။
မိတ်ဆွေသိပြီးပြီလား။
စာမေးပွဲ ကာလများ
ပြင်သစ်ယဉ်ကျေးမှုဌာန ကျောင်းသူကျောင်းသားများအတွက် အထူးအခွင့်အရေးများ
DELF-DALF စာမေးပွဲများ ဖြေဆိုရန် ဆုံးဖြတ်ထားပြီး ဖြစ်လျှင် သင်တန်းရေးရာဌာနသို့ ဆက်သွယ်စုံစမ်း၍ စာရင်းသွင်းနိုင်ပါသည်။
စာရင်းသွင်းနိုင်မည့် ကာလ
သင်တန်းကြေးများကို ဒေါ်လာအပြင် ကျပ်ငွေဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ငွေလဲနှုန်းမှာ ဥရောပဗဟိုဘဏ်၏ နှုန်းထားအတိုင်း ဖြစ်ပါသည်။

Tuesday to Saturday
9:00AM to 12:30PM / 1:30PM to 5:00PM
340, Pyay Road, Sanchaung Township, 11111 - Yangon, Myanmar
(+95) 9 262 611 438



