စာမေးပွဲသဘောတရားနှင့် အမှတ်ပေးစနစ်ကို ကောင်းစွာ နားလည်ပြီး ထူးချွန်စွာ ဖြေဆိုအောင်မြင်နိုင်စေရန် စာမေးပွဲပြင်ဆင်ပေးသည့် သင်တန်းများကို ပြင်သစ်ယဉ်ကျေးမှုဌာနက ဖွင့်လှစ်ပေးလျက် ရှိပါသည်။ DELF A1 မှ DALF C2 အထိ မည်သည့်အဆင့်ကိုမဆို ကျွမ်းကျင်ပိုင်နိုင်စွာ၊ အရည်အချင်း ပြည့်ဝစွာ၊ ယုံကြည်မှု ပြည့်ဝစွာ ဝင်ရောက်ဖြေဆိုနိုင်ရန် စနစ်တကျ သင်ကြားလေ့ကျင့်ပေးသွားမည် ဖြစ်ပါသည်။
သင်တန်းကာလများ
IGCSE ပြင်သစ်ဘာသာရပ်ကို ပိုင်နိုင်ကျွမ်းကျင်အောင် လေ့လာဖို့ ဆုံးဖြတ်ပြီးပြီလား။
IGCSE ပြင်သစ်ဘာသာစကား ဖြေဆိုမည့် Year 11 ကျောင်းသူကျောင်းသားများအတွက် ဖွင့်လှစ်ပေးသည့် ဤသင်တန်းတွင် သင်ကြားမှုကြာချိန် ၄၈ နာရီအတွင်း ဘာသာစကားဆိုင်ရာ ယုံကြည်မှုရှိလာစေရန်နှင့် စာမေးပွဲအတွက် အဆင်သင့်ဖြစ်စေရန် စနစ်တကျ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။ ၂၄ နာရီစီ ကြာမြင့်မည့် သင်တန်းကာလ နှစ်ခုဖြင့် သင်ကြား ပို့ချပေးမည်ဖြစ်ပြီး စာမေးပွဲမေးခွန်းဟောင်းများ အသုံးပြုကာ ကျောင်းသူကျောင်းသားတစ်ဦးချင်းစီ၏ ရည်မှန်းချက်နှင့် လိုအပ်ချက်များအလိုက် ထိရောက်စွာ လေ့ကျင့်ပို့ချပေးမည် ဖြစ်ပါသည်။
သင်တန်းကြေးများကို ဒေါ်လာအပြင် ကျပ်ငွေဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ငွေလဲနှုန်းမှာ ဥရောပဗဟိုဘဏ်၏ နှုန်းထားအတိုင်း ဖြစ်ပါသည်။
IGCSE ပြင်သစ်ဘာသာစကား ဖြေဆိုမည့် Year 8 နှင့်အထက် ကျောင်းသူကျောင်းသားများအတွက် ပြင်သစ်ဘာသာဖြင့် နေ့စဉ် ပြောဆိုဆက်သွယ်မှု ဆိုင်ရာ၊ ရေရှည် ဘာသာစကားကျွမ်းကျင်မှုဆိုင်ရာ အကြောင်းအရာများကို အထူးပြုရေးဆွဲထားသော သင်ရိုးညွှန်းတမ်းဖြင့် လေ့ကျင့်သင်ကြားပေးပါမည်။ ၂၄ နာရီစီ ကြာမြင့်မည့် သင်တန်းကာလ နှစ်ခုမှတစ်ဆင့် ခိုင်မာသော ဘာသာစကားအခြေခံကောင်းများ ရရှိစေရန် စနစ်တကျ လေ့ကျင့်သင်ကြားပေးမည် ဖြစ်ပါသည်။
သင်တန်းကြေးများကို ဒေါ်လာအပြင် ကျပ်ငွေဖြင့်လည်း ပေးသွင်းနိုင်ပါသည်။ ငွေလဲနှုန်းမှာ ဥရောပဗဟိုဘဏ်၏ နှုန်းထားအတိုင်း ဖြစ်ပါသည်။

အပတ်စဉ် အင်္ဂါနေ့မှ စနေနေ့အထိ
(တနင်္ဂနွေ၊ တနင်္လာနှင့် အများပြည်သူ အားလပ်ရက်များတွင် ပိတ်ပါသည်။)
9:00AM to 12:30PM / 1:30PM to 5:00PM
၃၄၀၊ ပြည်လမ်း၊ စမ်းချောင်းမြို့နယ်၊ ၁၁၁၁၁
ရန်ကုန်၊ မြန်မာ
(+95) 9 262 611 438